သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ(၃)ရပ် သုတေသန ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့Technical Working Group ပထမအကြိမ် အစည်းအဝေးကျင်းပ

သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ(၃)ရပ် သုတေသနပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Technical Working Group အစည်းအဝေးကို ၂၆-၁၂-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တော၊သတ္တုနှင့်ပတ်ဝန်းကျင် ဆိုင်ရာ ကဏ္ဍ (၃)ရပ် သုတေသနပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Technical Working Group ကော်မတီဥက္ကဌ၊ သစ်တော ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း) နှင့်အဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာ ဦးစီး ဌာန၊ လုပ်ငန်းဌာနများနှင့် တက္ကသိုလ်မှ ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ ပါမောက္ခ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊လက်ထောက်ညွှန်ကြားရေးမှူးများ နှင့်သုတေသီများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင် မြေပေါ်မြေအောက်သယံဇာတများရေရှည်တည်တံ့စေရေးအတွက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ကဏ္ဍ(၃)ရပ် ပူးပေါင်းဆောင်ရွက်ရေး သုတေသနများ၏အရေးပါပုံ နှင့် ယနေ့ အစည်းအဝေး မှတစ်ဆင့် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကျင်ဆိုင်ရာ ကဏ္ဍ(၃)ရပ် ပါဝင်တဲ့ Integrated Research ကို လက်တွေ့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ဦးစားပေး ဆောင်ရွက်မည့် သုတေသနများ ဖော်ထုတ်နိုင်ဖို့ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တက်ရောက်လာသည့် Technical Working Group အဖွဲ့ဝင်များက သစ်တော၊ သတ္တုနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ပူးပေါင်းသုတေသနများ ဖော်ထုတ်ဆွေးနွေးခြင်းနှင့်အတူ ရွေးချယ်အတည်ပြုခဲ့သည့် သုတေ သနလုပ်ငန်းများ ဆောင်ရွက်သင့်သည့် နေရာဒေသ၊ ရန်ပုံငွေရရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, January 22, 2025 - 06:45