သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ ဝန်ထမ်းများအားနှစ်သစ်ကူးအကြို ဗလာမပါလက်ဆောင်ပစ္စည်းမဲနှိုက်ကံစမ်းပွဲပျော်ရွှင်စွာကျင်းပ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ ဝန်ထမ်းများအား၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးအကြိုလက်ဆောင်ပစ္စည်း ပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ လ(၂၇) ရက် သောကြာနေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ဦးစီးရုံးချုပ်ဌာနများမှ ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူး အမှာစကားများ ပြောကြားခဲ့ပြီး နှစ်သစ်ကူးလက်ဆောင်ပစ္စည်းများကို ဝန်ထမ်းများက ကိုယ်တိုင် မဲနှိုက်ကံစမ်းခဲ့ကြပါသည်။ ထိုသို့မဲနှိုက်ကံစမ်းကြရာတွင် ဆုမဲပေါင်း (၆၅၀) ဆုတို့အား ဗလာမပါကံစမ်းမဲစနစ်ဖြင့် ကျင်းပခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်ရုံးရှိ ဌာနခွဲအသီးသီးမှ ဝန်ထမ်းများက ပျော်ရွှင်စွာ မဲနှိုက်ကံစမ်းပါဝင်ဆင်နွှဲခဲ့ကြပါသည်။
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-01-22_06-47-46-661.jpg?itok=4KkoSZWP)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-01-22_06-47-46-686.jpg?itok=PwUXNtzj)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-01-22_06-47-46-714.jpg?itok=qjdBt5rp)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-01-22_06-47-46-748.jpg?itok=GmOLbZxF)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-01-22_06-47-46-779.jpg?itok=WNXb5GjS)