၁-၁၁-၂၀၂၁ ရက်နေ့မှ ၇-၁၁-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၀.၆၁၀၄)တန်၊ သစ်မာ (၈.၄၉၁၆)တန်၊ အခြား (၂၄.၅၁၀၂)တန်၊ စုစုပေါင်း (၅၃.၆၁၂၂)တန်၊ တရားခံ (၁၆)ဦး၊ ယာဉ်/ယန္တရား (၉)စီး ဖမ်းဆီးရမိခဲ့ပါ သည်- ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၃-၁၁-၂၀၂၁ ရက်နေ့တွင် မကွေး တိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုးရပ်ကွက်ရှိ ဦးတင်မြင့်၏ နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ သဒီ/ ရုံး/ ကုက္ကိုလ်/ ထောက်ကြံ့/ ခူသန်/ သင်းဝင်/ ဖျောက်ဆိပ်/ သစ်မကျီး/ ချဉ်ယုတ်/ ဘင်္ဂ ခွဲသား စုစုပေါင်း (၁၃၁၄)ချောင်း (၁၈.၃၆၇၂)တန်၊ ကျွန်းပွတ်လုံး (၁၁၉)လုံး (၀.၂၆၆၄)တန်၊ ကျွန်းတံခါးရွက် (၁၉)ခု (၀.၀၂၅၆)တန်၊ သစ်စက်(၁)ခုနှင့် ဆက်စပ်ပစ္စည်းများ၊ တရားခံ(၄)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, November 10, 2021 - 10:00