ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ (၇၇)ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် “ဒေသထွက် ဝါးနှင့်ကြိမ်ထုတ်ကုန် အသုံးအဆောင်ပြခန်း” ခင်းကျင်းပြသ
(၉-၁-၂၀၂၅)ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း၌ ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် (၇၇)ကြိမ်မြောက်၊ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် “ဒေသထွက် ဝါးနှင့်ကြိမ်ထုတ်ကုန် အသုံးအဆောင်ပြခန်း”အား ခင်းကျင်းပြသခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး-ဗိုလ်ချုပ်ကြီး၊ တင်အောင်စန်း ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင်များမှ လှည့်လည်ကြည့်ရှု့အားပေးခဲ့ကြကြောင်းသတင်းရရှိပါသည်။



date:
Thursday, January 23, 2025 - 11:00