ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် (၁၇)ကြိမ်မြောက်ပန်းပွဲတော်ဇန်နဝါရီလ(၁၉) ရက်အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်
ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် (၁၇)ကြိမ်မြောက်ပန်းပွဲတော်ဇန်နဝါရီလ(၁၉) ရက်အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်
**********************************************
မြန်မာနိုင်ငံအထိမ်းအမှတ် Lanmark တစ်ခုဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ အမျိုးသား ကန်တော်ကြီးဥယျာဉ်၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇)ကြိမ်မြောက် ပန်းပွဲတော်အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၁၄) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့အထိ သတ်မှတ်ထားရာမှ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁၉)ရက် အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါပန်းပွဲတော်တွင် ဆန်းသစ်သည့် မြေယာရှုခင်းပုံစံများ၊ ပြည်တွင်း ပြည်ပပန်းမျိုးစိတ်မျိုးစုံ၊ ဒေသပန်းမျိုးများ ပြသသည့် ဇုန်တစ်ခုအပါအဝင် ဇုန်ရှစ်ခု ပါဝင်၍ ရာသီပန်းမျိုးစိတ်(၂၀) မှ (၂၅) မျိုး၊ ဒေသပန်းမျိုးစိတ် (၁၅) မျိုးမှ (၂၀) စုစုပေါင်းပန်းအရေအတွက် နှစ်သိန်းကျော်စိုက်ပျိုးပြသထားပြီး ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးရောင်းပွဲတော်၊ ဒေသထွက်ကုန်ပြခန်းများအား ဆိုင်ခန်းများဖြင့် ရောင်းချပေးသည့် အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ အေးချမ်းပျော်ရွှင်စွာ ဖြင့် ပြည်တွင်း၊ပြည်ပမှ ခရီးသွားဧည့်သည်များနှင့် လာရောက်အပန်းဖြေသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိကြောင်းသတင်းရရှိပါသည်။


