သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ

(၁၃-၁-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဦးသိန်းဆောင် (လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့် စာရင်းအင်းဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
အစီအစဉ်အရ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်ထွန်းက နေပြည်တော်၊ ရုံးအမှတ် (၁၉) တွင်ပြုလုပ်သည့် ဥပဒေအသိပညာပေးခြင်းဆိုင်ရာသင်တန်း (၁/၂၀၂၄)တက်ရောက်မှုအားလည်းကောင်း၊ ဦးစီးအရာရှိ ဦးချမ်းမြေ့အောင် (၂) က ကမ္ဘောဒီးယားနိုင်ငံတွင်ပြုလုပ်သည့် သစ်တောစီမံအုပ်ချုပ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မှုအားလည်းကောင်း၊ တောအုပ်ကြီး ဒေါ်ရတနာဆွေနှင့် ဦးကောင်းမြတ်ထွေးတို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် (၁၆) ကြိမ်မြောက် ဂေဟစနစ်ထိန်းသိမ်းရေးဆိုင်ရာအဆင့်မြင့်သင်တန်းတက်ရောက်မှုအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

date: 
Thursday, January 23, 2025 - 12:30