မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျှော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်း “ အစီအစဉ် ကျင်းပ
(၁၃-၁-၂၀၂၅) ရက်နေ့၊ နေ့လည် (၃:၀၀) နာရီအချိန်တွင် "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျှော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်း “ အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ တိုင်း/ခရိုင်/မြို့နယ်တာဝန်ခံများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ သစ်လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များ၊ စုစုပေါင်း(၄၅) ဦး တက်ရောက်ခဲ့ကြပါသည်။ မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းဦးက သစ်တောဦးစီးဌာနက ဖြေလျှော့ ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ မိမိဝန်ထမ်းများ၊လုပ်ငန်းရှင်များ အားလုံး သိရှိနိုင်စေရန် ဤအစီအစဉ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဖြေလျှော့ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း၊ သစ်တောဦးစီးဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။