ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်း အစီအစဥ်ကျင်းပ

(၁၅-၁-၂၀၂၅) ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျှော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်းလုပ်ငန်းကို ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးအပါအဝင် ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၂၂)ဦး၊ ပဲခူးခရိုင်အတွင်းရှိ သစ်လုပ်ငန်းရှင်များ(၂၀)ဦး၊ စုစုပေါင်း(၄၂)ဦး တက်ရောက်ခဲ့ကြပါသည်။ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးချစ်ဦးက အမှာစကားပြောကြားခြင်း၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဇော်ဇော်အောင်က သစ်တောဦးစီးဌာနက ဖြေလျော့ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ချပြရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Thursday, January 23, 2025 - 13:15