ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်း အစီအစဥ်ကျင်းပ
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှာကြားချက်အရ (၁၆.၁.၂၀၂၅) ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်မှ ၁၂:၀၀ နာရီအချိန်ထိ ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များအား " သစ်တော ဦးစီးဌာနမှ ဖြေလျော့ဆောင်ရွက်ပေးခဲ့မှုများအား ထပ်ဆင့်ချပြ ရှင်းလင်းပွဲ" အား ကျင်းပပြုလုပ်ခဲ့ရာ ပထမဦးစွာ ကရင်ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြည်နယ်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး-ဦးသူရကျော်က သစ်တောဦးစီးဌာနမှ ဖြေလျော့ဆောင်ရွက်ပေးခဲ့မှုများအား Power Point ဖြင့် ထပ်ဆင့်ချပြ ရှင်းလင်းခဲ့ပါသည်။ အဆိုပါ ထပ်ဆင့်ချပြရှင်းလင်းပွဲသို့ ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဘားအံခရိုင်နှင့် ကော့ကရိတ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများ၊ သစ်တောဝန်ထမ်းများ ၃၁ ဦး၊ မြန်မာ့သစ်လုပ်ငန်းမှ လက်ထောက်မန်နေဂျာ ၁ ဦး၊ ဘားအံ/ကော့ကရိတ်နှင့်လှိုင်းဘွဲ့ မြို့နယ်တို့မှ လုပ်ငန်းရှင် ၁၇ ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာကြသည့် ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များ၏ သိရှိလို၍ မေးမြန်းဆွေးနွေးမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။