၁၀-၁-၂၀၂၂ ရက်နေ့မှ ၁၆-၁-၂၀၂၂ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၃.၄၃၉၈)တန်၊ သစ်မာ (၃၄.၀၂၇၈)တန်၊ အခြား (၂၆၇.၄၆၂၈)တန်၊ စုစုပေါင်း (၄၂၄.၉၃၀၄)တန်၊ တရားခံ (၃၆)ဦး၊ ယာဉ်/ယန္တရား (၂၆)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၁၃-၁-၂၀၂၂ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြို့မဘိနယ်၊ မြိတ်မြို့နယ်၏ အရှေ့တောင်ဘက်(၅)မိုင်ခန့်အကွာ၊ တနင်္သာရီမြစ်လက်တက်၊ သာရမချောင်းဆုံမှ တရားမဝင် တောင်သရက်၊ တောင်လန်းဖဲ၊ တောဒူးရင်း၊ ကောင်းမှု၊ ကဒွတ် သစ်လုံး/ ခွဲသား (၆၅)လုံး/ချောင်း (၆၁.၄၀၀၈)တန်၊ စက်လှေ(၁)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှု ဖြစ်ပါသည်-

date: 
Tuesday, January 18, 2022 - 13:45