ဆေးဖက်ဝင်အပင်မျိုးစိတ်များ လေ့လာဖော်ထုတ်မှတ်တမ်းတင်ခြင်း၊ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနှင့်ဓာတုဓာတ်ပေါင်းပါဝင်မှုအား ဓါတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာနည်းပညာအထောက်အကူပြုသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
၃-၂-၂၀၂၅ ရက်၊ တနင်္လာနေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန(ရေဆင်း)၊ စုဝေးခန်းမ၌ MLC-Medicinal Plants စီမံကိန်း ၏ "ဆေးဖက်ဝင်အပင်မျိုးစိတ်များ လေ့လာဖော်ထုတ် မှတ်တမ်းတင်ခြင်း စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနှင့် ဓာတုဒြပ်ပေါင်းပါဝင်မှုအား ဓာတ်ခွဲစမ်းသပ်ခြင်း ဆိုင်ရာနည်းပညာ အထောက်အကူပြုသင်တန်း"ဖွင့်ပွဲကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား/သူများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ဒုတိယညွှန်ကြားရေးမှုးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသည့်ဧည်သည်တော်များ၊ သစ်တောသုတေသနဌာနမှ အရာထမ်းများ၊ သုတေသီများ၊ သင်တန်းဆရာများနှင့် သင်တန်းသား/သူများတက်ရောက်ခဲ့ပါသည်။ MLC-Medicinal Plants စီမံကိန်း၏ ယခုသင်တန်းသည် ရှမ်း/ရှေ့ဒေသရှိ မဲခေါင်မြစ်ဝှမ်းဒေသတွင် နေထိုင်ကြသော ဌာနေတိုင်းရင်းသားလူမျိုးစုများ၏ မိရိုးဖလာ ရိုးရာနည်းအရ အပင်များအား ဆေးဖက်အသုံးပြုပုံနှင့် သိပ္ပံနည်းကျ မျိုးခွဲ စစ်ဆေးခြင်းများကို လေ့လာသိရှိနိုင်စေရန်အတွက် စိုက်ပျိုးပြုစုခြင်းနည်းလမ်းများ၊ မြေဆီလွှာထိန်းသိမ်းခြင်း နှင့် သဘာဝမြေဩဇာ ပြုလုပ်နည်းစနစ်များ၊ သဘာဝ ဆေးဖက်ဝင်အပင်များတွင် ပါဝင်သော ဓာတုဒြပ်ပေါင်းများအား GC-MS ဓာတ်ခွဲ ကိရိယာဖြင့် အသုံးပြု၍ ဓာတ်ခွဲ မ်းသပ်ပုံ အဆင့်ဆင့်ကို လက်တွေ့သိရှိနိုင်ရန်နှင့် GC-MS နည်းပညာဆိုင်ရာ အခြေခံသီအိုရီများ သိရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် (၃-၂-၂၀၂၅) ရက်မှ( ၇-၂-၂၀၂၅)ရက်ထိ (၅) ကြာဖွင့်လှစ်မည်ဖြစ်ပြီး သစ်တောဦးစီး ဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ သင်တန်းသား/သူ စုစုပေါင်း (၂၀) ဦးတက်ရောက်ကြောင်းသတင်းရရှိပါသည်။
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-02-03_10-43-07-564.jpg?itok=9eU19o4v)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-02-03_10-43-02-926.jpg?itok=jxqrPqXi)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-02-03_10-43-26-035.jpg?itok=VVL3rLcg)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-02-03_10-43-40-695.jpg?itok=EdF6CZxH)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-02-03_10-43-36-002.jpg?itok=FQjOoaWV)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-02-03_10-44-05-084.jpg?itok=3PBuH098)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-02-03_10-44-38-384.jpg?itok=lzs-k6Ib)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/viber_image_2025-02-03_10-44-45-765.jpg?itok=B8tRYV7d)