ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင်သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီး လောင်ကျွမ်းမှုထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီး လောင်ကျွမ်းမှုထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် (၅.၂.၂၀၂၅) ရက်နေ့ (၉:၃၀ နာရီ မှ ၁၀:၃၀ နာရီ အထိ ) ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၈၅)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အလုံမြိုန့ယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးကောင်းမြတ်သူ က မီးခိုးမြူငွေ့လျော့ချရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် ရေသယံဇာတထိန်းသိမ်းရေး ဆိုင်ရာများ ဆွေးနွေးပြောကြားပြီး သစ်တောသစ်ပင်များကို ကာကွယ်ထိန်းသိမ်းရန်၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းသိမ်းရန်နှင့် Fire Hosposts များ လျော့နည်း ကျဆင်းအောင် တောမီးရှို့ခြင်းနှင့် တောင်ယာမီးရှို့ခြင်းများ မပြုလုပ်ရန် ဟောပြောဆွေးနွေးကာ တက်ရောက်လာသူများမှ မေးမြန်းမှုကို ပြန်လည်ဖြေကြားဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများအား မီးခိုးမြူငွေ့နှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များနှင့် ကျောင်းစာကြည့်တိုက်အတွက် သစ်တောကြေးမုံစာအုပ်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။



