ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မင်းကွက် အ.ထ.က ကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးအစီအစဉ်ကျင်းပ
(၅-၂-၂၀၂၅)ရက်နေ့ (၀၉:၀၀)နာရီ အချိန်တွင် ပြည်ခရိုင်၊ပေါင်းတည် မြို့နယ်၊မင်းကွက် အ.ထ.ကကျောင်း၌ "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ" အသိပညာပေးအစီအစဉ် ကျင်းပပြုလုပ်ခဲ့ပါသည်။ သစ်တောထိန်းသိမ်းရေး ၊ ရေ သယံဇာတထိန်းသိမ်းရေး၊မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် တောအုပ်ကြီး- ဦးသိန်းတိုးအောင်မှ အသိပညာပေးဟောပြောခဲ့ရာ ဆရာ/ဆရာမ(၅)ဦး၊ကျောင်းသား /သူ (၁၁၁)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၅)ဦး ၊စုစုပေါင်း (၁၂၁)ဦးတို့ တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။


date:
Thursday, February 6, 2025 - 13:00