တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကလိန်အောင်မြို့၊ အ.ထ.က တွင် " သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲ"အားကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၅-၂-၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ ကလိန်အောင်မြို့၊ အ.ထ.က တွင် " သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲ"အား မြို့နယ်အဆင့် ကျင်းပပြုလုပ် ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲတွင် ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ် ဦးထက်လင်းဦးမှ မီးခိုး/မြူငွေ့ ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များနှင့် ရေသယံဇာတများ ထိန်းသိမ်းရေး၊ ရေဝေရေလဲဒေသများမှ ရေချိုများ ရရှိနေမှု၊ ရေဝေရေလဲဒေသများ၏ အရေးပါမှု၊ ရေချိုများ ချွေတာသုံးစွဲရေး ၊ ရေအရင်း အမြစ်များဝိုင်းဝန်းထိန်းသိမ်း ခြင်း ဆိုင်ရာများ၊ သစ်တောများမှ ပေးသော အကျိုးကျေးဇူးများ၊ သစ်တောများ ထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုး၊ပြုစုခြင်း နည်းစနစ်များအား ဟောပြောခဲ့၍ ကလိန်အောင် မြို့ရဲစခန်းမှ စခန်းမှူး ဝင်းဗိုလ်ပါ (၂) ဦး၊ စရတ(ကရခ)တကကဇင်အောင်နိုင်၊ မီးသတ်ဦးစီးဌာနမှ ဒုဦးစီး မျိုးဆွေဦးပါ(၅)ဦး၊ ဇင်ဘာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော် ၊အ.ထ.က မှ ဆရာ /ဆရာမ (၁၀)ဦး၊ ကျောင်းသား/ကျောင်းသူ (၉၁)ဦး၊စုစုပေါင်း (၁၁၀)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအားပြန်လည်ဖြေကြားခြင်း၊ ဟောပြောပွဲတွင်တက်ရောက်လာသူများအားသစ်ပင်စိုက်ပျိုးမှုလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။



