တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်၊ အ.ထ.က (၄)တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အားကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ၅-၂-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၌ ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်၊ အ.ထ.က (၄)တွင် " သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အား မြို့နယ်အဆင့် ကျင်းပပြုလုပ် ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲတွင် ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များ နှင့် ရေသယံဇာတများ ထိန်းသိမ်းရေး၊ ရေဝေရေလဲဒေသများမှ ရေချိုများ ရရှိနေမှု၊ ရေဝေရေလဲဒေသများ၏ အရေးပါမှု၊ ရေချိုများ ချွေတာသုံးစွဲရေး ၊ ရေအရင်း အမြစ်များဝိုင်းဝန်းထိန်းသိမ်း ခြင်း ဆိုင်ရာများအား လည်းကောင်း ဟောပြောပို့ချခဲ့ပါသည်။ဆက်လက်၍ ထားဝယ်မြို့နယ် ၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးခင်မောင်ဆန်းမှ သစ်တော များမှ ပေးသော အကျိုးကျေးဇူးများ၊သစ်တောများ ထိန်းသိမ်းခြင်း
ဖြင့် သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုး၊ပြုစုခြင်း နည်းစနစ်များအား ဟောပြောခဲ့၍ သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊အ.ထ.က (၄) မှ ဆရာ /ဆရာမ (၅)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၄၂ )ဦး၊စုစုပေါင်း (၁၅၁)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအားပြန်လည်ဖြေကြားခြင်း ၊ဟောပြောပွဲတွင်တက်ရောက်လာသူများအားသစ်ပင်စိုက်ပျိုးမှုလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။





