သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်၊ ဒီဒူးပင်ကျေးရွာ၊ ဓမ္မာရုံ၌ “သစ်တောထိန်းသိမ်းရေး၊ ရေ သယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ” အသိပညာပေးအစီအစဉ်ကျင်းပ

(၅-၂-၂၀၂၅)ရက်နေ့ (၁၀:၃၀)နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ၊ ဒီဒူးပင်ကျေးရွာ ၊ ဓမ္မာရုံ၌ “သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး ၊မီးခိုးမြူငွေ့ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ” အသိပညာပေးအစီအစဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ-ဦးကျော်မိုးမှ"ရာသီဥတု ပြောင်းလဲမှု လျော့ချရေး နှင့်သဘာဝအန္တရာယ်များ ၊ သစ်တောထိန်းသိမ်းရေး ၊ တရားမဝင်သစ်လျော့နည်းပပျောက်ရေး၊ ရေ သယံဇာတထိန်းသိမ်း နှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ “ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး- ဦးစောမောင်ထွန်း မှ “တောမီးလောင်ခြင်းနှင့်မီးခိုးမြူငွေ့ ညစ်ညမ်းမှု “ ခေါင်းစဉ်ဖြင့်လည်းကောင်းအသိ ပညာပေးဟောပြောခဲ့ရာ ဒီဒူးပင်ကျေးရွာမှ ကျေးရွာသူ/သား (၃၅)ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၇)ဦး ၊စုစုပေါင်း (၄၂)ဦးတို့ တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Thursday, February 6, 2025 - 17:30