ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်(အ.ထ.က) မကျီးကွင်းကျောင်း၌သစ်တောထိန်းသိမ်းရေး ၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၅.၂.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃:00)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ်(အ.ထ.က)မကျီးကွင်းကျောင်း၌"သစ်တောထိန်းသိမ်းရေး ၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အစီအစဉ်အားကျင်းပပြုလုပ်ခဲ့ပါသည်။ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းထိုက်မှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ တောအုပ်ကြီး ဦးမြတ်သူရဇော်မှ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေး ဟောပြောခဲ့ရာ ဆရာ/ဆရာမ(၈)ဦး Grade(8/9/10)ကျောင်းသူ/သား (၁၀၀)ဦး၊ သစ်တောဝန်ထမ်း(၇)ဦး၊ မကျီးကွင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဦး၊ စုစုပေါင်း(၁၁၆)ဦး၊ တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။




