ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/ မြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ (၅-၂-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်"သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/ မြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ပုသိမ်မြို့၊ အ.ထ.က(၃)၊ ဧကရာဇ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးငြိမ်းချမ်း-၅ မှသစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၁)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၂၈)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၅)ဦး စုစုပေါင်း(၁၄၄)ဦး တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Thursday, February 6, 2025 - 18:00