သစ်တောဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၏ "သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"(မြို့နယ်အဆင့်)ကျင်းပ

သစ်တောဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌(၅-၂-၂၀၂၅)ရက်နေ့(၁၅:၀၀)နာရီတွင် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာ၊အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲအခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မျိုးမျိုးကျော် ဦးဆောင်သော ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ(၁၁၆)ဦးတက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှ တောအုပ်ကြီးဦးသန်းထွန်းနိုင်မှသစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့ လျှော့ချရေး၊ သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာတို့ကိုအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ကျောင်းအုပ်ဆရာမကြီး မှကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားရုတ်သိမ်းခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Thursday, February 6, 2025 - 18:00