စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်/ခန္တီးခရိုင်၊ခန္တီးမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်/ခန္တီးခရိုင်၊ခန္တီးမြို့နယ်၊သစ်တောဦးစီးဌာနမှ(၆-၂-၂၀၂၅)ရက်နေ့(၀၈း၀၀)နာရီအချိန်တွင် ခန္တီးမြို့၊နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအားကျင်းပခဲ့ပါသည်။ဟောပြောပွဲသို့ ခန္တီးမြို့နယ်၊သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးဦးဝင်းမောင်မှ သစ်တောထိန်းသိမ်းရေးနှင့်ရေသယံဇာတ ထိန်းသိမ်းရေးခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီးတောအုပ်ဦးဝင်းခိုင်မှ မီးခိုးမြူငွေ့လျှော့ချရေး ခေါင်းစဥ်ဖြင့်ဟောပြောခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲ အခမ်းအနားသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုး ရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား/သူ(၅၄)ဦး၊သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၇)ဦး၊စုစုပေါင်း (၆၁)ဦး တက်ရောက်ခဲ့ကြပြီးတက်ရောက်လာသူများ၏ မေးမြန်းချက်များကို မြို့နယ်ဦးစီးဌာနမှူးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

date: 
Thursday, February 6, 2025 - 18:00