မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
၅-၂-၂၀၂၅ ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် မိတ္ထီလာမြို့နယ်၊ မွေအုပ်စု၊ မွေကျေးရွာ၊ဘုန်းကြီးကျောင်းဓမ္မာရုံတွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၅၀)ဦး၊ မွေကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ/သား (၆၃)ဦး၊ စုစုပေါင်း(၁၁၃)ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မိတ္ထီလာမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကိုကိုမောင်က သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါသည်။
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-0bff2324af945d665911e8de227e0ee0-V.jpg?itok=1WKnrZhN)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-a09b7b04ec70ec10301a712896e21859-V%20%281%29.jpg?itok=gi-6xrIa)
![](https://forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-a09b7b04ec70ec10301a712896e21859-V.jpg?itok=Eu7m6IaR)