၇-၃-၂၀၂၂ ရက်နေ့မှ ၁၃-၃-၂၀၂၂ ရက်နေ့အထိ နေပြည်တော်၊ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၈.၅၁၄၂)တန်၊ သစ်မာ (၅၁.၀၃၀၈)တန်၊ အခြား (၁၉၈.၀၀၈၈)တန်၊ စုစုပေါင်း (၂၈၇.၅၅၃၈)တန်၊ တရားခံ (၃၁)ဦး၊ ယာဉ်/ ယန္တရား (၂၄)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၂-၃-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇောင်းတူ(၃)ဘိနယ်၊ ရွှေလောင်းကိုယ်တူကွဲ ကြိုးဝိုင်း အကွက်အမှတ်(၈၈၊ ၉၇) နေရာများမှ တရားမဝင် တောင်ပိန်း/ ပျဉ်းမ/ ကညင်/ ကောင်းမှု/ သဒီ/ တောင်သရက်/ မဏိဩဂ/ သပြေ သစ်လုံး/ခွဲသား (၁၁၉) လုံး/ချောင်း (၆၁.၇၀၉၂)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, March 15, 2022 - 14:00