၂၁-၃-၂၀၂၂ ရက်နေ့မှ ၂၇-၃-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆၀.၈၈၂၀)တန်၊ သစ်မာ (၅၃.၄၆၇၈)တန်၊ အခြား (၁၃၃.၇၃၄၈)တန်၊ စုစုပေါင်း (၂၄၈.၀၈၄၆)တန်၊ တရားခံ (၃၉)ဦး၊ ယာဉ်/ ယန္တရား (၁၇)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၆-၃-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပွဲကြီးဘိနယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၅၉/၃)မိုင်တံတားအနီးမှ တရားမဝင် ကျွန်း ခွဲခြမ်း/ခွဲသား/ဖရုံစိတ် (၅၂၅) ခြမ်း/ချောင်း/စိတ် (၂၂.၆၄၁၄)တန်၊ ယာဉ် (၄)စီး၊ တရားခံ (၇)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, March 29, 2022 - 15:00