၃-၂-၂၀၂၅ ရက်နေ့မှ ၉-၂-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၀.၂၁၉၂)တန်၊ သစ်မာ (၃၃.၀၈၉၂)တန်၊ အခြား (၉၁.၄၉၀၁)တန်၊ စုစုပေါင်း (၁၄၄.၇၉၈၅)တန်၊ ယာဉ်/ ယန္တရား (၁၆)စီး၊ တရားခံ (၂၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၉-၂-၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဗျင်ကျယ်ဘိနယ်၊ နေပြည်တော်- ပင်လောင်းကားလမ်း၊ (၇)မိုင်ခန့်အကွာနေရာမှ တရားမဝင် ပျဉ်းကတိုးသစ် (၂၄)လုံး (၁၆.၅၆၈၀)တန်၊ ကညင်သစ် (၃)လုံး (၂.၀၁၈၀)တန်၊ စကားဝါသစ် (၂)လုံး (၂.၁၇၈၀)တန်၊ သစ်ယားသစ် (၁၆)လုံး (၁၂.၈၈၈၀)တန်၊ စုစုပေါင်း (၄၅)လုံး (၃၃.၆၅၂၀)တန်၊ ယာဉ် (၁)စီးအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါ
သည်။

date: 
Thursday, February 13, 2025 - 09:45