၂၈-၃-၂၀၂၂ ရက်နေ့မှ ၃-၄-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၄၂.၂၀၅၄)တန်၊ သစ်မာ (၅၈.၅၀၀၀)တန်၊ အခြား (၁၀၃.၃၁၇၈)တန်၊ စုစုပေါင်း (၃၀၄.၀၂၃၂)တန်၊ တရားခံ (၂၁)ဦး၊ ယာဉ်/ ယန္တရား (၁၈)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၁-၄-၂၀၂၂ ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဇေယျာသီရိအားကစားကွင်း ဝင်ပေါက်အနီးနှင့် ဆာဖာရီဥယျာဉ်ဝင်ပေါက်အနီးတို့မှ တရားမဝင် ပိတောက်ခွဲသား (၃၆၈)ချောင်း (၃၁.၄၄၂၀)တန်၊ ယာဉ် (၂)စီးအားပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, April 6, 2022 - 09:45