၁၀-၂-၂၀၂၅ ရက်နေ့မှ ၁၆-၂-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂.၅၅၆၄)တန်၊ သစ်မာ (၁၂.၅၁၅၉)တန်၊ အခြား (၆၁.၇၂၁၄)တန်၊ စုစုပေါင်း (၈၆.၇၉၃၇)တန်၊ ယာဉ်/ ယန္တရား (၄)စီး၊ တရားခံ (၁၇)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၁-၂-၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်(၁)ဘိနယ်၊ သဲချောင်း ကျေးရွာအုပ်စု၊ မြောက်ခေါင်းကျွန်းအနောက်တောင်ဘက် (၁.၇)မိုင်ခန့်အကွာ၌ တရားမဝင် အခြားသစ် (၁၃)လုံး (၁၈.၀၃၀၀)တန်၊ စက်လှေ (၁)စီး၊ တရားခံ (၂)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။


date:
Tuesday, February 18, 2025 - 15:00