၁၈-၄-၂၀၂၂ ရက်နေ့မှ ၂၄-၄-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၉၃.၈၀၀၈)တန်၊ သစ်မာ (၄၈.၈၃၁၂)တန်၊ အခြား (၃၉.၄၇၀၈)တန်၊ စုစုပေါင်း (၁၈၂.၁၀၂၈)တန်၊ တရားခံ (၂၇)ဦး၊ ယာဉ်/ ယန္တရား (၁၇)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၁၉-၄-၂၀၂၂ ရက်နေ့အထိ ပဲခူး တိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းဘိနယ်၊ မြို့ချောင်း ကျေးရွာမှ(၂)မိုင်ခန့်အကွာ၊ ဂွေးကုန်းရွာသွားမြေသားလမ်းနှင့် မြို့ချောင်းကျေးရွာမှ (၄)မိုင်ခန့်အကွာ၊ ကြက်တူရွေးကုန်း နေရာတို့မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ အခြားခွဲသား (၆၁၀)ချောင်း (၃၈.၉၃၆၀)တန်၊ ယာဉ်(၁)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

date: 
Tuesday, April 26, 2022 - 15:45