၂၅-၄-၂၀၂၂ ရက်နေ့မှ ၁-၅-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၄.၈၉၆၂)တန်၊ သစ်မာ (၂၁.၇၁၆၄)တန်၊ အခြား (၁၀၀.၉၇၈၄)တန်၊ စုစုပေါင်း (၁၄၇.၅၉၁၀)တန်၊ တရားခံ (၂၃)ဦး၊ ယာဉ်/ ယန္တရား (၁၀)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂၇-၄-၂၀၂၂ ရက်နေ့ ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ မြို့မဘိနယ်၊ သံတွဲ-ကင်းသေကျွန်းကားလမ်းနှင့် သံတွဲ-တောင်ကုတ်ကားလမ်းနေရာတို့မှ တရားမဝင် တောင်သရက်/ ကောင်းမှု/ ပိန္နဲဖို သစ်လုံး/ခွဲသား/ခြမ်း (၁၀၇)လုံး/ချောင်း/ခြမ်း (၃၁.၁၈၉၂)တန်၊ ယာဉ် (၆)စီးနှင့် တရားခံ (၁၀)ဦး တို့အား ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Thursday, May 5, 2022 - 12:45