၁၇-၂-၂၀၂၅ ရက်နေ့မှ ၂၃-၂-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၅.၄၇၉၃)တန်၊ သစ်မာ (၃၂.၁၆၆၂)တန်၊ အခြား (၆၆.၆၄၁၄)တန်၊ စုစုပေါင်း (၁၁၄.၂၈၆၉)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၂၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၁-၂-၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ လွှဲကြီးဘိနယ်၊ ပေါင်းလောင်း ကြိုးဝိုင်း အကွက်အမှတ် (၁၃၆)နှင့် (၁၇၃)အတွင်း၌ တရားမဝင်အခြားသစ်(၃၅)လုံး(၁၇.၉၅၉၈)တန်ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Wednesday, February 26, 2025 - 13:30