သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၃-၃-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဒေါက်တာသင်းသင်း(လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာန)က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ၊လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းမှ ထိုင်းနိုင်ငံတွင်ပြုလုပ်သည့် သစ်တောမီးငြိမ်းသတ်ခြင်းသင်တန်းဆရာများအတွက် တတိယအကြိမ်သင်တန်းတက်ရောက်မှုအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်မေသူစိုးမှ လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့တွင်ပြုလုပ်သည့် တောမီးကြံ့ကြံ့ခိုင်နိုင်ခြင်း၊ ဒေသခံများ၏ လူမှုစီးပွါးနှင့် ဈေးကွက်ချိတ်ဆက်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းအား ပြန်လည် ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာအစည်းအဝေး တက်ရောက်မှုအားလည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရပါသည်။