၂၄-၂-၂၀၂၅ ရက်နေ့မှ ၂-၃-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၈.၆၅၁၀)တန်၊ သစ်မာ (၈.၁၃၇၈)တန်၊ အခြား (၈၇.၀၃၁၀)တန်၊ စုစုပေါင်း (၁၀၃.၈၁၉၈)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၂၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၇-၂-၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိဘိနယ်၊ ကျည်တောင် ကျေးရွာ၊ ဦးကျော်ရဲသူ အမည်ပေါက် အ.စ.လဝန်းအတွင်း၌ တရားမဝင် အခြား သစ်/ခွဲသား (၅၅၆)လုံး/ချောင်း (၃၂.၅၉၈၈)တန်၊ အင်ဂျင် (၁)လုံး၊ လွှဝိုင်း (၃)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများအား တရားခံနှင့်အတူ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Wednesday, March 5, 2025 - 10:15