၃-၃-၂၀၂၅ ရက်နေ့မှ ၉-၃-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀.၀၉၄၀)တန်၊ သစ်မာ (၁၀.၁၄၅၂)တန်၊ အခြား (၂၁.၅၆၄၈)တန်၊ စုစုပေါင်း (၄၁.၈၀၄၀)တန်၊ ယာဉ်/ ယန္တရား (၃)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၇-၃-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇောင်းတူ(၃)ဘိနယ်၊ ဇောင်းတူ-တိုက်ကြီးကား လမ်း၊ မိုင်တိုင်အမှတ်(၂၈/၀)အနီး လမ်းအရှေ့ဘက်၊ ရော်ဘာခြံလမ်းဘေးနှင့် ဘုရားကြီးဘိနယ်၊ ဘုရားကြီး- ဘောနတ်ကြီး- ဇောင်းတူကားလမ်း မိုင်တိုင်အမှတ် (၇/၁)နှင့် (၇/၂)ကြား လမ်း၏ တောင်ဘက် (၂)ဖာလုံခန့်အကွာ၊ သုဿာန်သွားလမ်း အတွင်းတို့တွင် တရားမဝင် ကျွန်းခွဲသား (၉၉)ချောင်း (၄.၅၇၁၄)တန်၊ ပျဉ်းကတိုး ခွဲသား (၇)ချောင်း (၀.၆၀၈၈)တန်၊ စုစုပေါင်း (၁၀၆)ချောင်း (၅.၁၈၀၂)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါကြောင်းသည်။
