၁၀-၃-၂၀၂၅ ရက်နေ့မှ ၁၆-၃-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၉.၉၉၄၈)တန်၊ သစ်မာ (၃၃.၅၆၅၇)တန်၊ အခြား (၅၂.၃၅၉၂)တန်၊ စုစုပေါင်း (၁၂၅.၉၁၉၇)တန်၊ ယာဉ်/ ယန္တရား (၁၆)စီး၊ တရားခံ (၃၂)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၃-၂၀၂၅ ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဘုရားကြီးဘိနယ်၊ သရက်ကုန်းကျေးရွာတောင် ဘက်၊ လယ်ကွင်းအစပ်အနီးနေရာ၊ ဆိတ်ကြီးကျေးရွာအရှေ့ဘက် ငဝန်မြစ်ကမ်းစပ်၊ ငဝန်မြစ်အတွင်းနှင့် ဆိတ်ကြီးကျေးရွာအနောက်ဘက် လယ်ကွင်းစပ်နေရာတို့မှ တရားမဝင် ဘောင်ဆန့် သစ်/ခွဲသား/ လုံးပတ်(၃)ပေအောက်သစ် (၃၅၁)လုံး/ချောင်း (၃၅.၆၅၄၄)တန်၊ အင်ဂျင်(၁)လုံး၊ လွှဝိုင်း(၁)ဝိုင်း၊ သစ်ဆွဲလွှ (၃)လက်နှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း (၃၅၁)ချောင်း (၃၅.၆၅၄၄)တန်၊ သစ်ဆွဲလွှ (၃)လက်၊ အင်ဂျင် (၁)လုံး၊ လွှဝိုင်း(၁)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Wednesday, March 19, 2025 - 11:30