ကချင်ပြည်နယ်တွင်"အပြည်ပြည်ဆိုင်ရာသစ်တောများနေ့" အခမ်းအနားကျင်းပ

"အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ "အထိမ်းအမှတ်အခမ်းအနားအား ၂၁.၃.၂၀၂၅ရက်နေ့၊ ၇:၀၀ နာရီအချိန်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ မလိခ ခန်းမတွင်ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့်
ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အတွက်အဖွင့်အမှာစကားပြောကြားခြင်း၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ video clipအားပြသခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Monday, March 24, 2025 - 16:00