ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင်အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင်ကျ ရောက်သည့်အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် မနက် (၀၉:၀၀)နာရီမှ (၀၉:၄၅)နာရီအချိန်အထိကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်များမှ သစ်တောဝန်ထမ်းများ စုစုပေါင်း ၁၅၀ ဦးခန့်မှတက်ရောက်ခဲ့ပါကြောင်း၊ အခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ဂုဏ်ပြုအမှာစကားမြွက်ကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန့်ဇော်ဦးမှ သစ်တောသစ်ပင်များနှင့် လူသားတို့၏ ကျန်းမာရေးခေါင်းစဉ်ဖြင့်တင်ပြဆွေးနွေးခြင်း၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ဗွီဒီယိုပြသခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း တို့ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

