မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနကကြီးမှူး၍ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကို (၂၁.၃.၂၀၂၅) ရက်နေ့၊ (နံနက် ၉:၃၀) နာရီတွင်မကွေးမြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ Video Clip ပြသခြင်း ဆောင်ရွက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ခင်းကျင်းပြသ ထားသည် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ပိုစတာများကို လှည့်လည်ကြည့်ရှုပါသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ မကွေးတိုင်း ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၂၈၀)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

date: 
Monday, March 24, 2025 - 18:30