စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနကကြီးမှူး၍ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကို (၂၁.၃.၂၀၂၅) ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် စစ်ကို်င်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးက အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အကြောင်း ရှင်းလင်းတင်ပြခြင်း၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် Video Clip ပြသခြင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့သော မုံရွာစီးပွားရေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ မုံရွာဂေါက်ကလပ် တာဝန်ခံတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းတို့ဆောင်ရွက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ခင်းကျင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ပိုစတာများကို လှည့်လည်ကြည့်ရှုပါသည်။ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင ့်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကိုနေ့လည်(၁၄:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရ ပါသည်။

date: 
Monday, March 24, 2025 - 18:30