မန္တလေးတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကို ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမ၌ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားကို ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမ၌ (၂၁-၃-၂၀၂၅)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြင်ဦးလွင်ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ Htoo Zoos and Gardens Business Unit အမှုဆောင်အရာရှိချုပ်၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့်ကျောင်းသား/ကျောင်းသူများ၊ မြန်မာနိုင်ငံသစ်တောကျောင်း သင်တန်းဆရာများနှင့် မြန်မာနိုင်ငံသစ်တောကျောင်း သင်တန်းသားများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ စုစုပေါင်း အင်အား (၁၆၅)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်မှတ်တမ်းဗွီဒီယိုအားပြသခဲ့ပါသည်။ ၄င်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုရအဖွဲ့ဝန်ကြီးများက ပြသထားသော ပိုစတာများအား လှည့်လည်ကြည့်ရှုရာ သစ်တောဦးစီးဌာန၊တာဝန်ရှိ ဝန်ထမ်းများမှ ရှင်းလင်းတင်ပြခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို နံနက်(၁၀:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။




