၁-၈-၂၀၂၂ ရက်နေ့မှ ၇-၈-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၄.၄၈၇၀)တန်၊ သစ်မာ (၂၄.၁၁၃၂)တန်၊ အခြား (၇၄.၃၂၃၄)တန်၊ စုစုပေါင်း (၁၅၂.၉၂၃၆)တန်၊ တရားခံ (၂၇)ဦး၊ ယာဉ်/ယန္တရား (၁၅)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၆-၈-၂၀၂၂ ရက်နေ့တွင် မကွေး တိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်ဘိနယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်(၁၅၉/၁) သာစည်ကျေးရွာ၊ ဇီးဖြူကွင်းသစ်ဆိပ်အနီးနှင့် သစ်ဆိပ်ဟောင်းအနီး နေရာတို့မှ တရားမဝင် ကျွန်းခွဲသား (၁၇၉)ချောင်း (၂၆.၉၂၅၄)တန် ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှု ဖြစ်ပါသည်-

date: 
Thursday, June 30, 2022 - 10:00