၇-၄-၂၀၂၅ ရက်နေ့မှ ၂၀-၄-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၁.၅၅၇၄)တန်၊ သစ်မာ (၁၃.၈၄၇၄)တန်၊ အခြား (၁၄၀.၆၈၈၆)တန်၊ စုစုပေါင်း (၁၉၆.၀၉၃၄)တန်၊ ယာဉ်/ ယန္တရား (၁၉)စီး၊ တရားခံ (၂၉)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၅-၄-၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ လိန်းလီဘိနယ်၊ ပင်လောင်း- ကင်းသာ- တပ်ကုန်းသွားလမ်းဘေး၊ ပေါင်းလောင်းကြိုးဝိုင်း အကွက်အမှတ်(၁၄၄) အတွင်းမှ တရားမဝင် အခြားခွဲသား စုစုပေါင်း (၂၀၇)ချောင်း (၁၀.၂၉၂၄)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Friday, April 25, 2025 - 10:30