၁၅-၈-၂၀၂၂ ရက်နေ့မှ ၂၁-၈-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၁.၂၈၃၄)တန်၊ သစ်မာ (၁၆.၀၂၈၆)တန်၊ အခြား (၁၂.၉၂၇၀)တန်၊ စုစုပေါင်း (၁၅၀.၂၃၉၀)တန်၊ တရားခံ (၂၈)ဦး၊ ယာဉ်/ ယန္တရား (၁၈)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၅-၈-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပြည်မြို့နယ်၊ ဇလုံကျေးရွာ၏တောင် ဘက်၊ ဒေသအခေါ် တံငါငို၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှ တရားမဝင် ကျွန်းခွဲသား (၄၃၇)ချောင်း (၆၄.၁၉၁၀)တန်၊ CBတွဲရေယာဉ်(၁)စီး၊ သံခွံပဲ့ထောင်(၁)စီး တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, July 13, 2022 - 12:30