တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ (၃၂) ကြိမ်မြောက်စီမံကိန်းပေါင်းစပ်ညှိနှိုင်း ရေး ကော်မတီအစည်းအဝေးကျင်းပ

၂၀၂၅ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ (၃၂) ကြိမ်မြောက် စီမံကိန်းပေါင်းစပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေး (Project Coordinating Committee-PCC) ကို နံနက် (၁၀) နာရီတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဌာနများမှ ကော်မတီဝင်များ၊ တနင်္သာရီသဘာဝကြိုးဝိုင်း လုပ်ငန်းစီမံကိန်းမှ စီမံကိန်းဒါရိုက်တာနှင့် ဥယျာဉ်အုပ်ချုပ်ရေးမှူး၊ မိတ်ဖက်ကုမ္ပဏီများ ဖြစ်သည့် မုတ္တမဓါတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (MGTC)၊ တနင်္သာရီပိုက်လိုင်းကုမ္ပဏီ (TPC) နှင့် အက်ဒမန်ပို့ဆောင်ရေးလီမီတက် (ATL) တို့မှ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ကော်မတီဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး က အဖွင့်အမှာစကားပြောကြားပြီး ဥယျာဉ်အုပ်ချုပ်ရေးမှူးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စီမံကိန်းလုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကိုလည်း​ကောင်း၊ စီမံကိန်းဒါရိုက်တာမှ ယခင် ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် စီမံကိန်းပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ်အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေ သုံးစွဲမှုအခြေအနေများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် စီမံကိန်းလုပ်ငန်းများနှင့် ရန်ပုံငွေ လျာထားချက်များနှင့် အသေးစိတ်လုပ်ငန်း အစီအစဉ်များကိုလည်​ကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ရာ အစည်းအဝေးတက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြ​ကြောင်းသတင်းရရှိပါသည်။

date: 
Wednesday, April 30, 2025 - 16:15