၂၁-၄-၂၀၂၅ ရက်နေ့မှ ၂၇-၄-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၁.၆၁၇၂)တန်၊ သစ်မာ (၇.၄၇၃၂)တန်၊ အခြား (၂၆.၃၇၆၆)တန်၊ စုစုပေါင်း (၄၅.၄၆၇၀)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၂၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၃-၄-၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ကျည်တောင်- နန်ချိုဘိနယ်၊ ကျည်တောင်အထက် ပေါင်းလောင်းသွားကားလမ်းရှိ ဒေသအခေါ် ကညင်ပြန့်နေရာမှ တရားမဝင် အခြားသစ်/ယောင်ခြမ်း (၁၀)လုံး/ခြမ်း (၆.၃၉၈၀)တန်၊ ယာဉ် (၁)စီး၊ တရားခံ (၂)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Monday, May 5, 2025 - 11:00