နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟို​ကော်မတီအတွင်း​ရေးမှူးနှင့် တိုင်း​ဒေသကြီး/ပြည်နယ်အဆင့်​ကော်မတီအတွင်း​ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပ

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟို​ကော်မတီအတွင်း​ရေးမှူးနှင့် တိုင်း​ဒေသကြီး/ပြည်နယ်အဆင့်​ကော်မတီအတွင်း​ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ( ၆-၅-၂၀၂၅ ) ရက် ၀၉း၃၀ နာရီတွင် သစ်​တောဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးချုပ်ရုံး အစည်းအ​ဝေးခန်းမ၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဗဟို​ကော်မတီအတွင်း​ရေးမှူး ဦးလှ​မောင်သိန်းတက်​ရောက် အမှာစကား​ပြောကြားပြီး အစည်းအ​ဝေးကို ဗဟို​ကော်မတီ တွဲဖက်အတွင်း​ရေးမှူး(၂)၊ သစ်​တောဦးစီးဌာန၊ ဒုတိယညွှန်ကြား​ရေးမှူးချုပ်များ၊ ငါးလုပ်ငန်းဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဆက်စပ်ဌာနများမှ ညွှန်ကြားရေးမှူးများ၊ ညွှန်ကြား​ရေးမှူးချုပ်ရုံးမှ ဌာနအလိုက် ညွှန်ကြား​ရေးမှူးများတက်​ရောက်၍ သက်ဆိုင်ရာ တိုင်း​ဒေသကြီး/ပြည်နယ်အဆင့်​ကော်မတီအတွင်း​ရေးမှူးများက Online စနစ်ဖြင့် တက်​ရောက်ကြပါသည်။
ဦးစွာ ​ဗဟိုကော်မတီနှင့် လုပ်ငန်း​ကော်မတီအတွင်း​ရေးမှူးက လုပ်ငန်း​ကော်မတီ(ဆဋ္ဌမအကြိမ်)နဲ့ ဗဟို​ကော်မတီ(သတ္တမအကြိမ်)အစည်းအ​ဝေးများ ​အောင်မြင်စွာကျင်းပနိုင်​ရေး ညှိနှိုင်း​ဆွေး​နွေးလို​ကြောင်း၊ ဗဟိုကော်မတီ အစည်းအ​ဝေးများကျင်းပခဲ့ရာ (၆) ကြိမ်​မြောက်ထိပြီးစီးခဲ့ပြီး ​ဆောင်ရွက်ရမည့်ဆုံးဖြတ်ချက်များ၊ လုပ်ငန်းကဏ္ဍများလည်းစုံလင်လာ၍ ဆုံးဖြတ်ချက်များအ​ပေါ် အချိန်နှင့်တစ်​ပြေးညီ ​ဆောင်ရွက်၍တင်ပြရန်လို​ကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာနနှင့် သစ်​တောဦးစီးဌာနတို့အ​နေဖြင့် အ​ကောင်အထည်​ဖော်ပြီးလုပ်ငန်းများ၏တိုးတက်မှုများတင်ပြနိုင်​ရေး၊ ဆက်လက် အ​ကောင်အထည်​​ဖော်မည့် လုပ်ငန်းအစီအမံများတင်ပြရမည်ဖြစ်​ကြောင်း၊ သက်ဆိုင်ရာတိုင်း​ဒေသကြီး/ပြည်နယ်အဆင့် အတွင်း​ရေးမှူးများကလည်း ဆုံဖြတ်ချက်များအ​ပေါ် ​ဆောင်ရွက်ပြီးစီးမှု၊ ​ရေရှည်​ရေတိုနှင့် ပူးပေါင်းအ​ကောင်အထည်​ဖော်ရမည့် စီမံချက်များတင်ပြနိုင်​ရေးနှင့် အပြာ​ရောင်စီးပွား​ရေးဖွံဖြိုးမှုတွက် ကြိုတင်ပြင်ဆင်​ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အလားတူ လုပ်ငန်း​ကော်မတီအစည်းအ​ဝေးဆုံးဖြတ်ချက်များအ​ပေါ် အ​ကောင်အထည်​ဖော်မှုများကို တင်ပြရန်၊ လုပ်ငန်း​ကော်မတီ (ဆဋ္ဌမအကြိမ်) အစည်းအ​ဝေးတွင်​ဆွေး​နွေးရန် အဖွင့်အမှာစကား​ပြောကြားပြီးနောက် တက်ရောက်လာသူများမှ လုပ်ငန်း​ဆောင်ရွက်တိုးတက်မှုများကိုတင်ပြခဲ့ပြီးနောက် ဆက်လက်ဆောင်ရွက်ရမည့် အချက်များကိုဝိုင်းဝန်းဆွေးနွေးသတ်မှတ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Wednesday, May 7, 2025 - 09:45