၂၉-၈-၂၀၂၂ ရက်နေ့မှ ၄-၉-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၅.၃၅၁၇)တန်၊ သစ်မာ (၁၀.၅၃၈၄)တန်၊ အခြား (၃၁.၈၁၁၀)တန်၊ စုစုပေါင်း (၆၇.၇၀၁၁)တန်၊ တရားခံ (၁၂)ဦး၊ ယာဉ်/ယန္တရား (၁၂)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃-၉-၂၀၂၂ ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်ဘိနယ်၊ အမှတ်(၁) ရပ်ကွက်၊ ပန်းတောင်းပိုင်းကျေးရွာ၊ တန်(၁၀၀)ဆန်စက်တံတားအနီးမှ တရားမဝင် ဘောင်ဆန့်ခွဲသား (၁၀၁၂)ချောင်း (၈.၅၁၅၂)တန်၊ စက်တပ်ပဲ့ထောင် (၁)စီး၊ တရားခံ (၃)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Saturday, July 2, 2022 - 05:45