၂၈-၄-၂၀၂၅ ရက်နေ့မှ ၄-၅-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅.၈၀၉၈)တန်၊ သစ်မာ (၂.၈၇၀၀)တန်၊ အခြား (၅၀.၄၅၁၄)တန်၊ စုစုပေါင်း (၅၉.၁၃၁၂)တန်၊ ယာဉ်/ ယန္တရား (3)စီး၊ တရားခံ (12)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၈-၄-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေနီ/မြို့လှဘိနယ် ရေငန်းမြောင်ရွာ အနီး၊ အမြန်လမ်းမကြီး၊ မိုင်တိုင် (၁၈၂/၁) နှင့် (၁၈၂/၂)ကြားနေရာမှ တရားမဝင် သတီ/ ဘင်္ဂ/ နှော/ ဒွနီ ခွဲသား စုစုပေါင်း (၁၂၇)ချောင်း (၁၇.၁၇၁၀)တန်၊ (၁၂)ဘီး ယာဉ် (၁)စီး၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Wednesday, May 7, 2025 - 14:15