နမ့်ပွန်းကြိုးပြင်ကာကွယ်တောသတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်၊ တန့်ယန်း မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃၂၅)ဧက ရှိသောနယ်မြေကို “နမ့်ပွန်း ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၄၆/၂၀၂၅)အရ ၁၃၈၇ ခုနှစ်၊ ကဆုန် လဆန်း(၄)ရက် (၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် တည်ထောင်ထားရှိ သည့် စီးပွါးရေး(ထင်းရှူး)စိုက်ခင်းဟောင်းများနှင့် ယင်းစိုက်ခင်းများအနီးတစ်ဆက် တစ်စပ်တည်း ရှိသည့် ဧရိယာများအား ထိန်းသိမ်းကာကွယ်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်၊ ရာသီဥတုမျှတစေရန်နှင့် သစ်တောထွက်ပစ္စည်းများကို စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန် ရည် ရွယ်၍ကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။နမ့်ပွန်းကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း သစ်တောဦးစီး ဌာနက စိုက်ပျိုးထားသည့်တားမြစ်သစ်စာရင်းဝင် ထင်းရှူးပင်များအားထိန်းသိမ်းကာကွယ်နိုင်မည့်အပြင် ယင်းစိုက်ခင်းဧရိယာအတွင်း ကျူးကျော်ဝင်ရောက်ဖျက်ဆီးမှုများအား ထိရောက်စွာ တားဆီးကာကွယ်နိုင်မည်ဖြစ်ခြင်း၊ဧရိယာအတွင်းနေထိုင်ကျက်စားလျက်ရှိသည့် ရှဉ့်၊ တောကြက်၊ ခါနှင့် ငှက်စသည့် တိရစ္ဆာန်များအတွက် ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။

date: 
Tuesday, May 13, 2025 - 09:30