၅-၅-၂၀၂၅ ရက်နေ့မှ ၁၁-၅-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇.၅၃၀၆)တန်၊ သစ်မာ (၂.၀၇၄၀)တန်၊ အခြား (၂၃.၉၃၄၆)တန်၊ စုစုပေါင်း (၃၃.၅၃၉၂)တန်၊ ယာဉ်/ ယန္တရား (၃)စီး၊ တရားခံ (1၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၅-၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ မြို့မဘိနယ်၊ စိန်ဝေနန်းအရှေ့ဘက်၊ အမှတ်(၅) ရပ်ကွက်၊ ကွက်သစ်၊ လယ်ကွင်းစပ်အနီးရှိ ဦးမောင်ဇော် (ခ) ဦးစံပျော်၏ နေအိမ် ခြံဝင်းအတွင်းမှ တရားမဝင် ကျွန်း/ ပိတောက်/ သင်းဝင်/ နဘဲ သစ်လုံး/ခွဲသား/ ပါကေး စုစုပေါင်း (၁၀၁၈၄)လုံး/ချောင်း (၇.၁၀၁၆)တန်၊ လွှဝိုင်း (၃)ဝိုင်း၊ မော်တာ (၅)လုံး၊ လျှာထိုးစက် (၁)လုံး၊ ရွေဘော်ထိုးစက် (၁)လုံး၊ တရားခံ (၁)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Thursday, May 15, 2025 - 09:15