၁၂-၅-၂၀၂၅ ရက်နေ့မှ ၁၈-၅-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၃.၅၈၀၄)တန်၊ သစ်မာ (၁၃.၈၀၄၂)တန်၊ အခြား (၃၇.၁၇၆၄)တန်၊ စုစုပေါင်း (၁၀၄.၅၆၁၀)တန်၊ ယာဉ်/ ယန္တရား (၄)စီး၊ တရားခံ (၉)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၅-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းဘိနယ်၊ ဇရပ်ကွင်းရွာ အနောက်ဘက်၊ ဝက်ခေါက်စိန်ကျေးရွာသွားလမ်း၏ မြောက်ဘက်အနီးဝန်းကျင် နေရာများမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ သင်္ဂဒူ/ ဒီဒူး/ မအူ/ ဘိုင်/ ချဉ်ယုတ် သစ်လုံး/လုံးပတ်(၃)ပေအောက်သစ် စုစုပေါင်း (၁၅၇)လုံး (၄၅.၈၁၀၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါကြောင်းသည်။

date: 
Wednesday, May 21, 2025 - 14:15