သစ်​တောဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးချုပ် ​ဒေါက်တာ​သောင်းနိုင်ဦး သစ်​တောသစ်ပင်ဆိုင်ရာအသိပညာ​ပေး​ဟော​ပြော

၂၃-၅.-၀၂၅ရက်၊ ​သောကြာ​နေ့တွင် သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့်အဖွဲ့သည် ရှမ်းပြည်နယ်၊ကလောမြို့နယ်(အောင်ပန်းမြို့)နှင့်အင်းလေးကန်ကြားရေဝေရေလဲတောင်ကုန်းတောင်တန်းများတွင် စိမ်းလန်းစိုပြည်ရေးအတွက် ကလောမြို့နယ် (အောင်ပန်းမြို့)ငုံးသုံကျေးရွာဓမ္မာရုံ၌လည်းကောင်း၊ ညောင်ကုန်းကျေးရွာဓမ္မာရုံ၌လည်းကောင်း ဒေသခံကျေးရွာသူ/သားများအားရှိပြီးသစ်ပင်သစ်တောများထိန်းသိမ်းရန်နှင့်သစ်ပင်စိုက်ပျိုးရန်ဆွေးနွေးပြောကြားခဲ့ပါသည်။အလားတူညနေပိုင်းတွင်ညောင်ရွှေမြို့နယ်ရေပယ် ကျေးရွာ အ.မ.က၌လည်းအင်းလေးအနောက်ကြိုးပြင်ကာကွယ်တောအတွင်းရှိ CF အဖွဲ့များအားဆွေးနွေးပြောကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Saturday, May 24, 2025 - 16:30